စင်မြင့်ထက်မှာ စာရွက်ကြည့်ပြီးစကားပြောတက်ရုံနဲ့ အစီစဉ်တင်ဆက်သူဖြစ်လာမယ်ထင်ရင် မှားပါလိမ့်မယ်လို့ပြောတဲ့ ဂုဏ်ရည်အေးကျော်

စင်မြင့်ထက်မှာ စာရွက်ကြည့်ပြီးစကားပြောတက်ရုံနဲ့ အစီစဉ်တင်ဆက်သူဖြစ်လာမယ်ထင်ရင် မှားပါလိမ့်မယ်လို့ပြောတဲ့ ဂုဏ်ရည်အေးကျော်

800 618 root

  ပရိသတ်တွေနဲ့အထိအတွေ့များတဲ့ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတွေ၊ ပျော်ပွဲရွင်ပွဲအခမ်းအနားတွေမှာ မျိုးဆက်သစ်အမျိုးသမီး အစီစဉ်တင်ဆက်သူတစ်ဦးအနေနဲ့ ဂုဏ်ရည်အေးကျော်ကို ရင်းနှီးနေခဲ့ကြမှာပါ။ Miss Myanmar International 2013 ဖြစ်တဲ့ ဂုဏ်ရည်အေးကျော်ဟာ အခြားအနုပညာလှုပ်ရှားမှုတွေထက် အစီစဉ်တင်ဆက်သူတစ်ဦးအဖြစ် ပိုပြီးလူသိများထင်ရှားတဲ့တွက် အစီစဉ်တင်ဆက်သူတစ်ယောက်ရဲ့လုပ်ဆောင်ချက်များကို မေးမြန်းကြည့်ရာမှာတော့…

 

“အစီစဉ်တင်ဆက်သူဘ၀ကတော့ ပွဲစီစဉ်တဲ့သူတွေ၊ ကုမ္ပဏီတွေရဲ့သတင်းအချက်အလက်တွေကို ပရိသတ်ဆီပေးရတာကအဓိကအလုပ်ပါပဲ။ ကုမ္ပဏီနှစ်ပတ်လည်တွေ၊ ဖွင့်ပွဲတွေဆိုရင်လဲ ၀ယ်သူတွေဆီကိုရောက်အောင်ပို့ပေးရတာဆိုတော့ သတင်းအချက်အလက်တွေကို ကူပြီးဖြန့်ပေးရတဲ့သဘောပါပဲ။ ပွဲကိုလည်းထိန်းပေးရင်း သူတို့ပေးချင်တဲ့သတင်းအချက်လတ်တွေရောက်အောင် ပို့ပေးရတာဆိုတော့ပွဲတစ်ပွဲကို Handle လုပ်ရတာမှာ ဂုဏ်ရည်အနေနဲ့အမြဲတမ်း အပြစ်မကင်းသလိုခံစားရတယ်။

 

အပြစ်မကင်းဘူးဆိုတာ ကိုယ်မိတ်ဆက်ပေးလိုက်တဲ့ထုတ်ကုန်က မအောင်မြင်ဘူးဆိုရင် ဂုဏ်ရည်ဘယ်လိုမှမနေတက်တော့ဘူး။ အလိုလိုနေရင်းအားနာလာတာ၊ ပိုက်ဆံတောင်မယူချင်တော့ဘူး။ ဂုဏ်ရည်တာဝန်ယူထားပေးတဲ့ပွဲတစ်ပွဲက ရည်မှန်းချက်မထိဘူးဆိုရင် ကုမ္ပဏီကဘယ်လိုစိတ်ညစ်လဲ၊ အရောင်းဝန်ထမ်းတွေဘယ်လိုနေလဲတော့မသိဘူး ကိုယ်တိုင်ကတော့လုံးဝအပြစ်မကင်းသလိုခံစားရတယ်။ အဲ့လိုဆိုရင် ဂုဏ်ရည်ရဲ့ Facebook  ကနေရော သိသမျှ Media တွေကနေရော ကြော်ညာခိုင်းလိုက်တယ်။ အစီစဉ်တင်ဆက်သူလုပ်ရတာလွယ်တော့မလွယ်ပါဘူး” လို့ဂုဏ်ရည်အေးကျော်ကဖြေကြားခဲ့ပါတယ်။

 

နောက်ပိုင်းကာလတွေမှာ အစီစဉ်တင်ဆက်သူအဖြစ် သပ်သပ်ရပ်တည်နေကြတဲ့သူတွေရှိကြသလိုပဲ အခြားသောအနုပညာအသိုင်းအ၀ိုင်းထဲကသူအချို့ပါ စင်မြင့်ထက်မှာအစီစဉ်တင်ဆက်သူအဖြစ် တာဝန်တွေယူတက်ကြပေမဲ့ ပွဲမထိန်းနိုင်တဲ့ အဖြစ်အပျက်မျိုးတွေရှိနေတဲ့အပေါ်ကိုလည်း ဂုဏ်ရည်အေးကျော်က သူ့ရဲ့အမြင်ကိုပြောပြဖြစ်ခဲ့ပါတယ်။

 

“အခုခေတ်လူငယ်တွေရော၊ Model တွေရောတော်တော်များများက စင်မြင့်ကိုမကြောက်ကြတော့တဲ့အခါကြတော့ စင်ပေါ်မှာစကားပြောတာ၊ မိုက်ကိုင်တာတွေမှာအဆင်မပြေတာတွေအများကြီးပါပဲ။ ဒီအတွက်အစီစဉ်တင်ဆက်သူလုပ်မယ်ဆိုရင် ၀မ်းစာပြည့်ဖို့လဲလိုပါတယ်။ဝမ်းစာပြည့်ဖို့ဆိုရင်တော့ ကိုယ့်ရဲ့စီနီယာတွေဆီကသင်တာတို့၊  You Tube ကနေ နိုင်ငံခြားအစီစဉ်တင်ဆက်သူတွေကိုကြည့်တာတို့၊ စာတွေဖတ်ဖို့တို့ကတော့လိုပါတယ်။ ဒါမှကိုယ်ဟာပြောနိုင်ဆိုနိုင်နေမှာပါ။ စိတ်ထဲကရှိတဲ့တိုင်း ပြောလို့တော့မဖြစ်ဘူးလေ။ ပရိသတ်ရဲ့တုန့်ပြန်မှုကတော့ အများကြီးဖြစ်မှာပဲ။ ပွဲတစ်ပွဲလှနေဖို့လစ်ဟာမသွားဖို့ဆိုတာ ကြိုးစားရမယ့်အကြောင်းအချက်တွေအများကြီးရှိပါတယ်။ ဒါကြောင့်အစီစဉ်တင်ဆက်သူလုပ်မယ်ဆိုရင် စာတွေဖတ်နိုင်နေရမယ်၊ ပရိသတ်တွေပျင်းမနေရအောင် သူတို့အခြေအနေကိုကိုင်တွယ်တက်ရမယ်ဆိုတဲ့ အရည်အချင်းတွေကလိုနေကြသေးတယ်။ တကယ်ဖြစ်ချင်တယ်ဆိုရင် ကိုယ်လေ့လာရမှာကအများကြီးပါပဲ။ စင်မြင့်ထက်မှာစာရွက်ကြည့်ပြီး စကားပြောတက်ယုံနဲ့ အစီစဉ်တင်ဆက်သူဖြစ်လိမ့်မယ်လို့ ထင်ထားရင်တော့မှားနေပါလိမ့်မယ်။”

 

ဂုဏ်ရည်အေးကျော်ဟာ Miss Myanmar International 2013 အဖြစ်တာဝန်ထမ်းဆောင်အပြီးမှာတော့ အစီစဉ်တင်ဆက်သူတစ်ဦးအဖြစ်သာ ဆက်လက်ရပ်တည်နေခဲ့သူတစ်ဦးဖြစ်ပါတယ်။” ခုချိန်ထိတော့ စစချင်းရသွားတဲ့ Miss ကနေစပြီး ဂုဏ်ရည်နောက်ပိုင်း Miss တွေအကုန်လုံးပဲ Miss တစ်ယောက်အနေနဲ့ရပ်တည်နေတာ တစ်ယောက်မှမရှိပါဘူး။ ဒါပေမဲ့ ဂုဏ်ရည်လည်းသေချာတော့မသိပါဘူး။ တွေ့တဲ့သူတိုင်းက Miss ဖြစ်နေတာလေ။ လက်ညှိုးထိုးလိုက်တိုင်းခေါင်းပေါ်မှာ သရဖူရှိတယ်ဆိုတော့ဘယ်သူတွေ ဘာတွေလုပ်နေမှန်းမသိပေမယ့် ဂုဏ်ရည်သိတဲ့တော်တော်များများကတော့ Miss တစ်ယောက်အဖြစ် မရပ်တည်ကြပါဘူး။ အကြောင်းအရင်းကတော့ ကိုယ်တစ်ယောက်ထဲနဲ့ အဲ့ဒီခေါင်းစဉ်ကပြီးသွားတာမှမဟုတ်တာ၊ ကိုယ်ကနောက်ဆုံးပွဲ ကြီးကြပ်သူအနေနဲ့ ဒီပွဲကြီးကပြီးသွားမယ်ဆိုရင်တော့ ပရိသတ်တွေက သတိရနေမှာပေါ့။ ဒါပေမဲ့ ကိုယ်ကဘယ်လိုပဲဖြစ်ဖြစ် ဖယ်ပေးရမှာဆိုတော့ ပရိသတ်နဲ့ ထပ်ပြီးထိတွေ့နေရဖို့ဆိုရင် အနုပညာတစ်ခုခု ဆက်လုပ်နေမှဖြစ်မှာပါ။ ဒီအတိုင်းကြီးဆက်ပြီးရပ်တည်နေမယ်ဆိုရင်တော့ ရပ်တည်လို့ရပေမယ့် ပရိသတ်တွေနဲ့ထိတွေ့မှုရှိမှာလဲ မဟုတ်တော့ဘူး။ ဘယ်စီးပွားရေးလုပ်ငန်းရှင်၊ ဘယ် Media မှလဲကိုယ့်ကိုသုံးတော့မှာမဟုတ်ဘူး။ ကိုယ်က ကိုယ့်ကိုယ်ကို  Miss တစ်ယောက်လို့သိပေမယ့် အခြားဘယ်သူကမှသိမှာမဟုတ်တော့ဘူး” ဟုလည်း မြန်မာနိုင်ငံမှာ Miss တစ်ယောက်ဖြစ်သွားရင် အနုပညာလမ်းကြောင်းတွေထဲပဲ ၀င်ရောက်ကြတာမျာ့းပြီး  Miss တစ်ယောက်ထဲအနေနဲ့ ဘာမှမရွေးချယ်ပဲ ရပ်တည်သွားဖို့ကတော့မဖြစ်နိုင်သလောက် အခွင့်အရေးနည်းပါးကြောင်းလဲ ပြောပြပေးခဲ့ပါတယ်။

 

တကယ်တော့အစီစဉ်တင်ဆက်သူဆိုတာ အဲ့ဒီအစီစဉ်တစ်ခုလုံး အောင်မြင်စွာပြီးဆုံးသွားအောင် ရှေ့ကနေမိတ်ဆက်ပေးရတဲ့ သံတမန်တစ်ယောက်ဖြစ်ပါတယ်။တင်ဆက်မှုသံခင်းတမန်ခင်းဟာ ပွဲတိုင်းအတွက်အရေးပါနေတာ သေချာပါတယ်။ဆက်လက်ပြီးဂုဏ်ရည်အေးကျော်က ရှေ့ဆက်ပြီးလျှောက်လှမ်းသွားမယ့်သူ့ရဲ့ဖြေလှမ်းတွေနဲ့ ပတ်သတ်လို့လည်း ” အစီစဉ်တင်ဆက်သူအလုပ်ကလည်း အနုပညာလုပ်ငန်းတစ်ခုပါပဲ။ ဂုဏ်ရည်က Talk Show တွေလည်း အစီစဉ်မှုးလုပ်တယ်။ နောက်နှစ်ထဲမှာထွက်လာမယ့် TV Channel တွေကလည်း ဂုဏ်ရည်ကိုလာကမ်းလှမ်းထားတာတွေရှိတယ်။ ဂုဏ်ရည်ကတော့ Freelence အနေနဲ့ပဲလှုပ်ရှားမယ်။ ဘယ် Channel တွေနဲ့မှတော့စာချုပ်ချုပ်မှာမဟုတ်ပါဘူး။ ဘယ် TV Channel နဲ့မှအပိုင်မနေပဲ အစီစဉ်တွေတင်ဆက်ပေးသွားဖို့ရှိပါတယ် ” ထပ်မံပြောကြားခဲ့ပါသေးတယ်။

  စည်သူဟိန်း

root

Software Engineer

All stories by:root