ရေများများသောက်စေချင်တယ်လို့အကြံပြုတဲ့ဂုဏ်ရည်အေးကျော်

ရေများများသောက်စေချင်တယ်လို့အကြံပြုတဲ့ဂုဏ်ရည်အေးကျော်

592 573 root

လက်ရှိ အနုပညာလှုပ်ရှားမှု ဘာတွေ လုပ်ဖြစ်နေလဲ။

ဒီ လ ထဲ မှာတော့  M i s s M y a n m a r International 2017 ရဲ့ေ တာင်ကြီးနဲ့ မန္တလေးမှာလုပ်မယ့်ပြိုင်ပွဲအတွက် အလှမယ်လေးတွေကို ဖိတ်ခေါ်ပေးရမယ်။ Presenter လုပ်ဖို့အတွက် ပွဲတွေ လက် ခံထားတာရှိတယ်။

ကျန်းမာရေးကောင်းမှ အလုပ်လုပ်နိုင်မှာ ဆိုတော့ကိုယ့်ရဲ့ကျန်းမာရေးကို ဘယ်လို ဂရုစိုက်ဖြစ်ပါသလဲ။

ဂုဏ်ရည်ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပါ။ နှာစေးချောင်းဆိုးတာတောင်ေ တ်ာရုံတန်ရုံ မဖြစ်ဘူး။ ကိုယ်တိုင်ကလည်း အားကစား တအားလုပ်တော့ အဲဒါတွေကြောင့် ကိုယ်ခံ အားကောင်းနေတာဖြစ်မယ်။

အားကစားလှုပ်ရှားမှုတွေအနေနဲ့ဘာတွေလုပ်ဖြစ်သေးသလဲ။

လက်ဝှေ့ထိုးတယ်၊ Gym ကစားတယ်၊ မြင်းလည်းစီးတယ်၊ေ နာက်ပြီးတော့ေ ရ လည်းကူးတယ်။ေ ယာဂ ကစားတယ်။ အခုခေတ်စားလာတဲ့ Zumba လည်း က တယ်။ ဂုဏ်ရည်က ချွေးသံတရွှဲရွှဲနဲ့အားကစား အမြဲတမ်းလုပ်နေဖြစ်တယ်။

အားကစားအပြင်တခြားဘာတွေ လုပ်ဖြစ်သေးလဲ။

ဂုဏ်ရည်က စာ ရေးတာ ၀ါသနာပါတော့ကိုယ့် Website မှာတောင် Author ဆိုပြီး ထည့်ထားသေးတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ Review လေးတွေ ရေးဖြ တယ်။ ဂုဏ်ရည် စားဖြစ်တဲ့အစားအစာတွေကို ပြန်ေ ရးဖြစ်တယ်။ ပြီးတော့ လက်ဝှေ့ထိုး တာ၊ မြင်းစီးတာတွေရဲ့ အကျိုးကျေးဇူးတွေကို Reviewေ လးတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ Reviewေ လးတွေေ ရးဖြစ်တယ်။ ကျန်းမာရေးနဲ့အားကစားက ဆ က်နွယ်နေတော့ကိုယ်တိုင်လေ့လာပြီး ကိုယ်တိုင်ရေးဖြစ်နေပါတယ်။

ကိုယ်ခန္ဓာကျန်းမာဖို့ အစားအသောက်ပိုင်းကလည်း အရေးကြီးတော့ ဘာတွေ ရွေးချယ်စားသောက်ပါသလဲ။

ဂုဏ်ရည် ခန္ဓာကိုယ်အလေးချိန်က တသတ် မ တ်တည်းဖြ စ်တာများတ ယ်လို့ေ ပြာ လို့  ရတယ်။ ကိုယ် စားေ သာက်တဲ့အပေါ်မှာ မူတည်တယ်လို့ ထင်တယ်။ အစားအသောက် ကလည်း အချိုတွေကို မစားဘူး၊ေ က်ာဖီ၊ လက်ဖက်ရည် ၊ က ဖိ န်းဓာတ်ပါတာတွေကို မသောက်ဖြ စ်ဘူး။ ငယ်ငယ်က တည်းက မသောက်တော့ေ ရှာင်စရာလည်း မလိုတော့ ဘူး။ နွားနို့ေ တာ့ ပုံမှန်သောက်ဖြစ်တယ်။ ဂုဏ်ရည်က Non-Alcoholic လို့ ပြောလို့ ရ ပါတယ်။ အသီး အရွက်တွေ အများကြီး ဖြစ်တယ်။ ကျန်တာက သကြား လုံးဝမစားပါ ဘူး။

အသားအရေ အလှအပပိုင်းနဲ့ ပတ်သက်ပြီးဘယ်လိုထိန်းသိမ်း ဖြစ်ပါသလဲ။

အခုမှြ ပန်ပြီး ဂရုစိုက်ဖြစ်တာပါ။ အရင်တုန်းကဆိုတော်တော်ဂရုမစိုက်တာ၊ မိတ် ကပ်လိမ်းထားရင်တောင်မဖျက်ဘဲနဲ့ အိပ်ဖြစ်တာ အများကြီး ရှိတယ်။ ကိုယ့်ကိုယ် ကိုယ်ယုံတာပေါ့၊ ငါ ကျန်းမာရေးလည်း လုပ်ဖြစ်တယ်၊ ချွေးထွက်အောင်လည်း နေ ဖြစ်တယ်။ ကိုယ့်အသားအရေ မပျက်စီးဘူးလို့ ထင်ခဲ့တာ၊ ကိုယ့်ကိုယ် ကိုယ် အထင်ကြီးတာ များသွားတယ်။ မိတ်ကပ်မဖျက်ဘဲနေတာ နည်းနည်းကြာသွားပုံရ တယ်။ မျက်နှာမှာ အဖုတွေက ဆက်တိုက်ကိုဖြစ်လာပြီး တော်တော်ပျက်စီးသွားတဲ့ အထဲ ပါသွားတယ်။ အခုတော့ Skin Care Centre တွေနဲ့သေချာဆွေးနွေးတိုင်ပင် 4 ပြီး ကိုယ့်မျက်နှာဂရုတစိုက်ပြန်လုပ်တော့မျက်နှာက ကောင်းသွားပါပြီ။ အခုတော့ေ သချာကိုဂရုစိုက်ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်လို့ထူးထူးခြားခြား ဘာတွေ ဖြစ်သေးလဲ။

ငယ်ငယ်တုန်းကတော်တော်ချူချာတဲ့အထဲ ပါတယ်။ ကလေးတွေဖြစ်တဲ့ရောဂါ မဖြစ်ဖူးတာ မရှိဘူး။ ကန်ထရိုက်ဆွဲထားသလားတောင် မှတ်ရတယ်။ ဆယ်တန်း အောင်ပြီးမှ အိမ်က Gymေ တွပို့၊ေ လ့ကျင့်ခန်းတွေေ သချာလုပ်ဆိုတော့ ကျန်း မာရေးတော်တော်ပြန်ကောင်းလာတယ်။ အခုဆိုနှာစီးချောင်းဆိုးတောင်မဖြစ်တော့ ပါဘူး။

အခုလိုနွေရာသီမှာကျန်းမာရေးအတွက်ဘာတွေဆောင်သင့်၊ေ ရှာင်သင့်တယ် လို့ အကြံပြုချင်ပါသလဲ။

ချွေးထွက်လွန်တာတွေအတွက် ဂုဏ်ရည်သတိပေးချင်တာကတော့ေ ရများများ သောက်စေချင်ပါတယ်။ နွေရာသီမှာ ရေဓာတ်ဆုံးရှုံးတော့ဓာတ်ဆားလည်း သောက်စေချင်တယ်။ ကျန်တာက အသား အရေကို ဂရုစိုက်စေချင်ပါတယ်။ေ တ်ာတော် များများကေ နရောင်ခြည်ကို အထင်သေးကြ တယ်။ေ နပူထဲသွားလို့ ဘာမှမဖြစ်လောက် ဘူးလို့ ထင်ထားတာ။ ဒါပေမဲ့ အိုမင်းရင့်ရော် ခြင်းတွေ၊ေ နရောင်ခြည်ကပေးတဲ့ အကျိုး ဆက်တွေက များပါတယ်။ အင်္ကျီလက်ရှည်ပါး ပါးလေးဝတ်ဖို့၊ ထီးဆောင်းဖို့၊ အကာအကွယ် အောက်ကနေ သွားဖို့ အခြေခံအချက်လေးတွေကိုသိဖို့အကြံပြုချင်ပါတယ်။ ပြီးတေြာ့ မန်မာနိုင်ငံမှာကေ တ်ာတော်များများက မနက်စာ မစားကြဘူး။ အလုပ် နောက်ကျမှာ စိုးလို့ရော နေ့ခင်းကျမှပေါင်းစားကြတာတွေ ရှိတယ်။ မနက်စာစားဖို့ ဂုဏ်ရည်တိုက်တွန်းချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဖျားတော့မယ်လို့ သံသယရှိရင် ဆေးလေးတွေ ကြိုသောက်ထားကြပါ။ နည်းနည်းလေး နွမ်းလျလာ တယ်၊ မောပန်း လာပြီဆိုရင် အစာအဟာရြ ပည့်အောင် စားပါ။ တစ်ခုခုဆိုရင် မဖြစ်ခင်ကတည်း ကြိုတင်ကာကွယ်ရင်း နီးစပ်ရာ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးတွေ ကြိုသောက်ထားဖို့ အကြံပေးချင်ပါတယ်။

 ဥက္ကာအေးကျော် တွေ့ဆုံမေးမြန်းသည်

root

Software Engineer

All stories by:root