လက်ဝှေ့ထိုးကြမယ်

လက်ဝှေ့ထိုးကြမယ်

640 960 root

လက်ဝှေ့အားကစားဟာ ဘယ်တုန်းကမှ မှေးမှိန်ပျောက်ကွယ် မသွားခဲ့သလို ဘောလုံးအားကစားလိုအုန်းအုန်းထနေတတ်တဲ့ အားကစားမျိုးလည်း မဟုတ်ပါဘူး ..

မြန်မာရိုးရာလက်ဝှေ့ကို TV က လွှင့်ရင် အိမ်က ဖွင့်ထားတတ်လို့ ငယ်ငယ်ကတည်းက လက်ဝှေ့အကျော်အမော်တွေကို နားယဉ်နေခဲ့ပါတယ် .. ရွှေဓူဝံ, ဝမ်ချိုင်းတို့က ဂုဏ်ရည်ငယ်ငယ်က ရင်းနှီးခဲ့ရတဲ့ လက်ဝှေ့ချန်ပီယံတွေပေါ့ ..
ဒါပေမယ့် ကလေးပီပီ တစ်ယောက်ကို တစ်ယောက် နာအောင်လုပ်နေတဲ့ ဒီကစားနည်းကို မကြိုက်ခဲ့ပါဘူး.. လူကြီးတွေ ကြည့်တာနဲ့ကို TV ရှေ့က ပြေးတော့တာ အသက်ကြီးတဲ့ အထိပါဘဲ ..

နောက်တော့ မြန်မာနိုင်ငံသား အောင်လအန်ဆန်းပါဝင်တဲ့ One Championship ပွဲတွေကို ကြည့်ဖြစ်ရင်း စိတ်ဝင်စားလာရာကနေ အခုဆို မြန်မာ့ရိုးရာလက်ဝှေ့ပွဲတွေမှာပါ သိမ်ဖြူကွင်းထဲကို ရောက်နေတတ်ခဲ့ပါပီ .. ပီးတော့ လက်ဝှေ့ထိုးခြင်းရဲ့ အကျိုးကျေးဇူးတွေကိုလည်း သိလာ, သဘောကျရတဲ့ Victoria Secret မော်ဒယ်တွေက လေ့ကျင့်ခန်းအနေနဲ့ ထိုးကြတော့ ဂုဏ်ရည်လည်း လက်ဝှေ့ကို Fitness အတွက် ထိုးမယ်ပေါ့ ..

စကစားမယ် ဆိုတုန်းကတော့ ကြောက်ပီး တွန့်ဆုတ်တွန့်ဆုတ်တွေဖြစ်လို့ .. ဂုဏ်ရည့်ပြဿနာက ဝိတ်ကလေးနည်းနည်းတက်မယ်ဆိုရင် ပါးနဲ့ ဗိုက်က စတက်တာပါ.. ပါးတွေ ဖောင်းလာတယ် .. ဗိုက်စူလာတယ်ပေါ့နော် .. ရင်တွေ, တင်တွေက နောက်ဆုံးမှ လိုက်လာ ..
ကျပီ ဆိုရင်တော့ ရင်နဲ့တင်က စ,ကျပီး ပါးနဲ့ ဗိုက်က နောက်ဆုံးမှ ကျတယ် .. အဲ့ဒါ နိစ္စဓူဝ :'( ..

အဲ့လိုထိုးမယ်ထိုးမယ်နဲ့ ကြောက်ပီး ဝေခွဲမရ မြေပဲမ,တွေ ဖြစ်နေချိန်မှာ သူငယ်ချင်းက လက်ဝှေ့ထိုးရင် မျက်နှာကျတယ် ၄,၅ ကြိမ်နဲ့ကို သိသာတယ် ဆိုတာနဲ့ နောက်နေ့ ချက်ချင်း သူနဲ့ လိုက်ဆော့ဖြစ်ခဲ့ပါတယ် 😀 သိပ်မလှချင်ရှာဘူးနော်..

တကယ် စထိုးတော့ Beginner level မှာ ဝင်မကစားပဲ အတူသွားတဲ့ ထိုးနေကျ သူငယ်ချင်းရဲ့ level အတိုင်း ဝင်ကစားတော့ တကယ် ပြိုင်းပါတယ် .. ပုံမှန် ရေကူး, weighg lifting လုပ်နေခဲ့တာလေးတွေ ရှိလို့ အဆုံးထိ ကစားနိုင်ခဲ့တာပါ..လက်ဝှေ့က Stamina, speed, power, ခံနိုင်ရည်, လျင်မြန်မှု, တုံ့ပြန်မှု, ခွန်အားတွေ လိုတဲ့ အားကစားကိုနော် .. ဒါပေမယ့် စကစားမိကတည်းက သဘောကျသွားပီး နည်းနည်းလေးဝိတ်တက်ပီး လူဖောင်းလာတာနဲ့ လက်ဝှေ့ပြေးထိုးတော့တာပါဘဲ ..

လက်ဝှေ့ကို အပြင်းစား Cardio လို့ ဂုဏ်ရည်တို့ ပြောနိုင်ပါတယ် .. ဂုဏ်ရည်တို့ခန္ဓာကိုယ်က Calories တွေ လောင်ကျွမ်းဖို့, ခန္ဓာကိုယ် weight ထိန်းညှိထားဖို့, heart disease တွေကနေ ကာကွယ်ဖို့ Cardio လုပ်ဖို့ လိုအပ်တယ်ဆိုတာ သိကြပေမယ့် အချိန်တိုင်း Treadmill ပေါ်မှာ (ဒါမှမဟုတ် အလွတ်) လမ်းလျှောက်, ရွရွပြေး(jogging), မြန်မြန်ပြေး(running), ကြိုးခုန် တွေပဲ လုပ်နေရတာ ပျင်းစရာကောင်းပါတယ် …. နေ့တိုင်းလုပ်ဖို့ ကျတော့ ပျင်းလာရော… လက်ဝှေ့မှာတော့ 1 hour အတွင်း KCal 600~800 လောင်ကျွမ်းတယ်နိုင်ပါတယ် ..

နောက်တစ်ခုက လူရဲ့ ခန္ဓာကိုယ် ခုခံအား(Immune), ခံနိုင်ရည်(Strength), သိသိသာသာတက်ပါတယ် .. ဒါကို ကိုယ့်ရဲ့ ကန်ချက်တွေ, လက်သီးတွေမှာ တက်လာတဲ့ power နဲ့တင် အလွယ်တကူ သိနိုင်ပါတယ် .. ကိုယ်ကန်လိုက်, ထိုးလိုက်တဲ့ သဲအိတ်က တစ်ရက်ထက် တစ်ရက် ပိုကျယ်လောင်လာတဲ့ တစ်ဖောင်းဖောင်း မြည်သံလောက် အရသာရှိတာ မရှိပါဘူး 🙂

ကိုယ်အလေးချိန်မြန်မြန်ကျချင်သူတွေအတွက် ကတော့ လက်ဝှေ့ဟာ ‘ရွှေ’ပါ .. ဂုဏ်ရည်အနေနဲ့ကတော့ ကိုယ်အလေးချိန်ကျသွားတယ်ဆိုတာထက် body composition တက်လာတယ်လို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်.. ခန္ဓာကိုယ်က အဆီထု(fat mass) လျော့ကျလာပီး (muscle mass) တက်လာလို့ ကြွက်သားတည်ဆောက်မှုနှုန်းမြင့်လာပီး လူက သွယ်လျကျစ်လျစ်လာတာပါ ..

နောက်ထပ်အကျိုးကျေးဇူးတွေလည်း အများကြရှိပါတယ်

– Stress တွေကို လျော့ကျစေတာ (အသက်မနည်း လိုက်ရှုနေရတာနဲ့ အပြင်က ဒုက္ခရော, အိမ်က ဒုက္ခရော, ကိုကိုရော မောင်ရော, ခေးရော မ,ရော အလုပ်ရော အကုန်မေ့) 😀

– ဂုဏ်ရည်ဖတ်ရတဲ့ စာထဲမှာတော့ ဂုဏ်ရည်တို့ ခန္ဓာကိုယ်လှုပ်ရှားမှု, တုံ့ပြန်မှုစည်းချက်တွေဟာ Hand-eye coordination (လက်နဲ့မျက်လုံးညှိုနှိုင်းလုပ်ဆောက်မှု) အပေါ်မှာ အများကြီး မူတည်ပါသတဲ့.. (ဥပမာ- ချော်လဲတော့မယ့် ခန္ဓာကိုယ်ကို နီးစပ်ရာတခုခုကို လှမ်းကိုင်ပီးထိန်းလိုက်တာမျိုး, ခန္ဓာကိုယ် တိုးဝင်လာတဲ့ အရာဝတ္ထုကို လက်နဲ့ ကာကွယ်လိုက်တာ) .. လက်ဝှေ့ထိုးခြင်းဟာ Hand-eye coordination ကို ပိုမိုကောင်းမွန်စေလို့ ဂုဏ်ရည်တို့ ခန္ဓာကိုယ် လှုပ်ရှားမှု, တုံ့ပြန်မှုတွေဟာ ပိုမိုသွက်လက်, မျှတ, မြန်ဆန် လာပါသတဲ့.. (ဒါပေါ့လေ.. သွက်လာရမပေါ့.. နောက်မို့ဆို ကိုယ်ချည်း အထိုးခံနေရမပေါ့)

အခုတော့ လက်ဝှေ့ကစားခြင်းက ဂုဏ်ရည့်ရဲ့ စိတ်ထွက်ပေါက်, မြန်မာ့လက်ဝှေ့အကျော်အမော်တွေကလည်း ဂုဏ်ရည့် အသည်းကျော်တွေ ဖြစ်နေပါပီ ..

ဂုဏ်ရည်ကတော့ gym တွေမှာ ကစားရတဲ့ လက်ဝှေ့ထက် တကယ့်လက်ဝှေ့ကလပ်တွေမှာ ကစားရတာကို ပိုကြိုက်လို့ ဒီနေရာတွေကို သွားဖြစ်ပါတယ် ..
1. Phoenix Lethwei Club (သိမ်ဖြူကွင်း) one hour session ကို 6,000/- Ks ပါ ..
– ဒါကတော့ Phoenix ရဲ့ official facebook page ပါ .. https://m.facebook.com/PhoenixFitnessMyanmar/

2. Sayar Lone Chaw(လုံးချော)/ သတ္တိလက်ဝှေ့ – ကမ္ဘာအေးဘုရားလမ်း, ⤵️သူရသတိလမ်းကိုချိုး (မြို့ထဲက သွားရင် ဂန္ဓာမာလမ်း မီးပွိုင့်ကျော်ပီးပီးချင်း ညာဘက်ကို ချိုးရမယ့် လမ်းသွယ်ပါ) .. 1 hour session ကို 5,000/- ကျပ်ပါ ..
– ဆရာလုံးချောရဲ့ သတ္တိလက်ဝှေ့ club , facebook page ပါ ..https://m.facebook.com/thuttilethwei/
Link တွေမှာလည်း အသေးစိတ် information အချက်အလက်တွေကို ဝင်ရောက်လေ့လာနိုင်ပါတယ် ..

ကဲ.. အမြန်ဆုံး ကျန်းမာ အဆီကျ သွယ်လျလှပဖို့အတွက် နီးစပ်ရာ လက်ဝှေ့ကလပ်တွေကို join ရင်း ကျန်းမာ လှပလိုက်ကြပါစို့ ..

?? ပြောနေရတာ ကြာတယ် အခု ထိုးမယ် ??
????????????????

root

Software Engineer

All stories by:root