ဂုဏ်ရည်အေးကျော်ရဲ့ လျို့ဝှက်ချက်များ

ဂုဏ်ရည်အေးကျော်ရဲ့ လျို့ဝှက်ချက်များ

750 400 root

အခမ်းအနားမှူးအဖြစ်ပရိသတ်တွေရှေ့မှာအမြဲရှိနေသူတစ်ဦး၊ အနုပညာအလုပ်ကိုအများကြီးမလုပ်ဖြစ်ပေမယ့်ပရိသတ်တွေနဲ့ အဆက်မပြတ်ဘဲအမြဲထိတွေ့နေတဲ့သူမကရော ပရိသတ်တွေကိုဘာတွေလျို့ဝှက်ထားလဲဆိုတာကို ဒီတစ်ပတ်ရဲ့ သူရဲ့လျို့ဝှက်ချက်များကဏ္ဍက မေးမြန်းထားတာကို တင်ဆက်ပေးချင်ပါတယ်။

အချစ်ရေးဘာထူးခြားဖို့ရှိလဲ…
-ရှိသေးပါဘူးကွယ်။ နေမြဲတိုင်းပါပဲလို့။

ပျင်းရင်ဘာလုပ်လဲ…
-အိပ်တယ်။

စိတ်ဖိစီးမှုပြေပျောက်ဖို့ဘာတွေလုပ်ဖြစ်လဲ…
-ရေကူးတယ်။ မြင်းစီးတယ်။ အားကစားလုပ်တယ်။ အားကစားလုပ်ခြင်းက ခန္ဓာကိုယ်က Endorphin Hormone တွေကိုထွက်စေတယ်။ အဲ့ဒီဟော်မုန်းက လူကိုစိတ်ကြည်လင်လန်းဆန်းစေတယ်။

ဘယ်လိုအစားအစာကိုအကြိုက်ဆုံးလဲ…
-အကုန်ကြိုက်တယ် အကုန်စားတယ်။

ဘယ်လိုအရောင်တွေခရေဇီဖြစ်လဲ…
-ရွေးချယ်မှုမရှိပါဘူး။သူ့ဟာနဲ့သူလှနေတော့လေ။ တစ်ခုထဲကိုမဖြစ်မနေဆိုရင်တောလည်း အကုန်လုံးနဲ့လိုက်တဲ့ အဖြူပေါ့။

အကြိုက်ဆုံးဖက်ရှင်ဒီဇိုင်းကရော…
-အကုန်ကြိုက်တယ်။ လှရင်ပီးရော။

လတ်တလောဘယ်လိုဖက်ရှင်ဒီဇိုင်းမျိုးဝတ်ဖြစ်လဲ…
-ပွဲပေါ်မူတည်ပါတယ်။ ပုံမှန်ကတော့လွတ်လွတ်ပေါ့ပါးတဲ့ပုံစံတွေပဲဝတ်တယ်။

ကားတွန်းကားတွေရောကြည့်လား.ဘယ်ဇာတ်ကောင်ကိုကြိုက်လဲ…
-ကာတွန်းဇာတ်ကားတွေ ကြည့်ဖြစ်ပါတယ်။ Disney ကားတွေဆို တခုမှမလွတ်ဘူး။

မိသားစုထဲမှလိမ်မာတဲ့သမီးတစ်ယောက်လား…
-အင်းပေါ့အဲ့လိုပဲဖြေမှာပေါ့ Hehee။

သရဲကြောက်တတ်လား…
-သရဲကြောက်တတ်ပါဘူး။ ဆယ်ကျော်သက်ကတည်းကနာရေးကားတွေမောင်းခဲ့ဖူးတာဆိုတော့ အလောင်းတွေနဲ့လက်ပွန်းတတီးအရမ်းရင်းနှီးတယ်လေ။

ပရိသတ်တွေကိုဘာလျို့ဝှက်ထားတာရှိလဲ…
-ဂုဏ်ရည်က ပွင့်လင်းလွန်းလို့ ဒဲ့တွေပြောလွန်းလို့မှ Inter လာဗျူးတဲ့လူတွေကတောင် ပြန်လိုက်ပိတ်ပေးနေရတာပါ။

ဖေဖေနဲ့မေမေနဲ့ဘယ်သူကိုပိုချစ်လဲ…
-အနီးမှာရှိရင်မေမေ ။ အဝေးရောက်သွားရင်ဖေဖေ။ အဖေတူသမီးဆိုတော့အဖေနဲ့ကလုံးဝမတည့်ကြဘူး။

ပိုချစ်ရတဲ့အကြောင်းအရင်းကဘာလို့လဲ…
-မေမေကဘာမှကို မပြောတာ။ လုပ်သမျှအကုန်ပံ့ပိုးပေးမယ်ဆိုတာချည်းပဲ။

လတ်တလောဘာတွေလုပ်ဖြစ်နေလဲ…
-ပွဲတွေမှာ MC (အခမ်းအနားမှုး) ပေါ့။ ပွဲတွေအများကြီးလက်ခံထားတယ်။ facebook ကနေလည်း ဂုဏ်ရည့် page ( GonYi Aye Kyaw ဂုဏ်ရည်အေးကျော် ) ကနေ ပရိသတ်တွေအတွက် အကျိုးရှိတဲ့ အတွေးအခေါ်လေးတွေ အကြောင်းအရာလေးတွေကို post တွေ video လေးတွေနဲ့ ရေးဖြစ် ရိုက်ဖြစ် တင်ဖြစ်တယ်။

အခုဖြစ်နေတဲ့ခံစားချက်…
-ခုကလက်ဝှေ့ပွဲထဲမှာထိုင်ရင်း ဒီအင်တာဗျူးကိုဖြေနေတာဆိုတော့ပွဲကောင်းကောင်းမကြည့်ရလို့ Interviewer ကို မေတ္တာပို့နေပါတယ်။

ပရိသတ်တွေအတွက်ရာသီဥတုအပေါ်အကြံပေးချက်…
-H1N1 ဂရုစိုက်ပါ။ ကျန်းမာရေးကောင်းအောင်နေကြပါလို့။

root

Software Engineer

All stories by:root