ဂုဏ်ရည်အေးကျော်ရဲ့ လျို့ဝှက်ချက်များ

750 400 root

အခမ်းအနားမှူးအဖြစ်ပရိသတ်တွေရှေ့မှာအမြဲရှိနေသူတစ်ဦး၊ အနုပညာအလုပ်ကိုအများကြီးမလုပ်ဖြစ်ပေမယ့်ပရိသတ်တွေနဲ့ အဆက်မပြတ်ဘဲအမြဲထိတွေ့နေတဲ့သူမကရော ပရိသတ်တွေကိုဘာတွေလျို့ဝှက်ထားလဲဆိုတာကို ဒီတစ်ပတ်ရဲ့ သူရဲ့လျို့ဝှက်ချက်များကဏ္ဍက မေးမြန်းထားတာကို တင်ဆက်ပေးချင်ပါတယ်။ အချစ်ရေးဘာထူးခြားဖို့ရှိလဲ… -ရှိသေးပါဘူးကွယ်။ နေမြဲတိုင်းပါပဲလို့။ ပျင်းရင်ဘာလုပ်လဲ… -အိပ်တယ်။ စိတ်ဖိစီးမှုပြေပျောက်ဖို့ဘာတွေလုပ်ဖြစ်လဲ… -ရေကူးတယ်။ မြင်းစီးတယ်။ အားကစားလုပ်တယ်။ အားကစားလုပ်ခြင်းက ခန္ဓာကိုယ်က Endorphin Hormone တွေကိုထွက်စေတယ်။ အဲ့ဒီဟော်မုန်းက လူကိုစိတ်ကြည်လင်လန်းဆန်းစေတယ်။ ဘယ်လိုအစားအစာကိုအကြိုက်ဆုံးလဲ… -အကုန်ကြိုက်တယ် အကုန်စားတယ်။ ဘယ်လိုအရောင်တွေခရေဇီဖြစ်လဲ… -ရွေးချယ်မှုမရှိပါဘူး။သူ့ဟာနဲ့သူလှနေတော့လေ။ တစ်ခုထဲကိုမဖြစ်မနေဆိုရင်တောလည်း အကုန်လုံးနဲ့လိုက်တဲ့ အဖြူပေါ့။ အကြိုက်ဆုံးဖက်ရှင်ဒီဇိုင်းကရော… -အကုန်ကြိုက်တယ်။ လှရင်ပီးရော။ လတ်တလောဘယ်လိုဖက်ရှင်ဒီဇိုင်းမျိုးဝတ်ဖြစ်လဲ… -ပွဲပေါ်မူတည်ပါတယ်။ ပုံမှန်ကတော့လွတ်လွတ်ပေါ့ပါးတဲ့ပုံစံတွေပဲဝတ်တယ်။ ကားတွန်းကားတွေရောကြည့်လား.ဘယ်ဇာတ်ကောင်ကိုကြိုက်လဲ… -ကာတွန်းဇာတ်ကားတွေ ကြည့်ဖြစ်ပါတယ်။ Disney ကားတွေဆို တခုမှမလွတ်ဘူး။ မိသားစုထဲမှလိမ်မာတဲ့သမီးတစ်ယောက်လား… -အင်းပေါ့အဲ့လိုပဲဖြေမှာပေါ့ Hehee။ သရဲကြောက်တတ်လား… -သရဲကြောက်တတ်ပါဘူး။ ဆယ်ကျော်သက်ကတည်းကနာရေးကားတွေမောင်းခဲ့ဖူးတာဆိုတော့ အလောင်းတွေနဲ့လက်ပွန်းတတီးအရမ်းရင်းနှီးတယ်လေ။ ပရိသတ်တွေကိုဘာလျို့ဝှက်ထားတာရှိလဲ… -ဂုဏ်ရည်က ပွင့်လင်းလွန်းလို့ ဒဲ့တွေပြောလွန်းလို့မှ…

read more

Presenter အလုပ်အတွက် စာဖတ်ပြီးဝမ်းစာ ဖြည့်ခဲ့သည့် ဂုဏ်ရည်အေးကျော်

600 300 root

Presenter အလုပ်ကို အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု အဖြစ် ရွေးချယ်ခဲ့သည့် အလှမယ် ဂုဏ်ရည်အေးကျော်သည် အလုပ်အတွက် စာအုပ်များ ဖတ်၍ ဝမ်းစာဖြည့်ခဲ့ကြောင်း ပြော သည်။ ဘာသာပြန်စာပေနှင့် အတ္ထုပ္ပတ္တိ စာအုပ်များကို အဖတ် များပြီး စာအုပ်များထဲမှ သင်ခန်းစာ ယူစရာများရှိသလို စိတ်ဓာတ် ခွန်အားလည်း များစွာရခဲ့ကြောင်း ဂုဏ်ရည် အေးကျော်က ပြောသည်။ ”အတ္ထုပ္ပတ္တိတွေ ဖတ်တာများတော့ ဖေ့စ်ဘွတ်ခ် မှာ Caption လေး တစ်ခုတောင် သဘောကျရင် Copy တွေ Reference တွေလုပ်ရ တယ် ဆိုတော့သူတို့ ရဲ့အတ္ထုပ္ပတ္တိ တော်တော် များများမှာ ဂုဏ်ရည်တို့ ကော်ပီလုပ်စရာ အချက်အလက်တွေ အများကြီးရှိ တယ်လို့ ဂုဏ်ရည် ယုံကြည်တယ်။ ဥပမာ- အေဗရာ ဟင်လင်ကွန်းဆို…

read more

“စကားတွေပြောဖို့ စိတ်ဓာတ်ခွန်အားစာတွေ အများကြီးဖတ်ခဲ့ရပါတယ်”

1285 665 root

အလှမယ်တစ်ယောက်အဖြစ် စင်မြင့်အောင်မြင်မှုများရရှိခဲ့ပြီးနောက် သူရွေးချယ်သောလမ်းကြောင်းက အစီစဉ်တင်ဆက်သူတစ်ဦးဖြစ်လာသည်။ အခမ်းအနားအစီစဉ်များကို ပရိသတ်မငြီးငွေ့အောင် ဦးဆောင်တင်ဆက်ရသည့်အလုပ်ကို ချောမွေ့ပြေပြစ်အောင် လှလှပပလုပ်ဆောင်သွားနိုင်သူ လူငယ်အစီစဉ်တင်ဆက်သူ ဂုဏ်ရည်အေးကျော်အား မြန်မာတိုင်းမ်နေ့စဉ်သတင်းထောက် စည်သူဟိန်းကအောက်ပါအတိုင်းတွေ့ဆုံမေးမြန်းထားပါသည်။ လတ်တလောမှာဘာတွေလုပ်ဖြစ်နေလဲခင်ဗျာ။                                                                                      …

read more

စင်မြင့်ထက်မှာ စာရွက်ကြည့်ပြီးစကားပြောတက်ရုံနဲ့ အစီစဉ်တင်ဆက်သူဖြစ်လာမယ်ထင်ရင် မှားပါလိမ့်မယ်လို့ပြောတဲ့ ဂုဏ်ရည်အေးကျော်

800 618 root

  ပရိသတ်တွေနဲ့အထိအတွေ့များတဲ့ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတွေ၊ ပျော်ပွဲရွင်ပွဲအခမ်းအနားတွေမှာ မျိုးဆက်သစ်အမျိုးသမီး အစီစဉ်တင်ဆက်သူတစ်ဦးအနေနဲ့ ဂုဏ်ရည်အေးကျော်ကို ရင်းနှီးနေခဲ့ကြမှာပါ။ Miss Myanmar International 2013 ဖြစ်တဲ့ ဂုဏ်ရည်အေးကျော်ဟာ အခြားအနုပညာလှုပ်ရှားမှုတွေထက် အစီစဉ်တင်ဆက်သူတစ်ဦးအဖြစ် ပိုပြီးလူသိများထင်ရှားတဲ့တွက် အစီစဉ်တင်ဆက်သူတစ်ယောက်ရဲ့လုပ်ဆောင်ချက်များကို မေးမြန်းကြည့်ရာမှာတော့…   “အစီစဉ်တင်ဆက်သူဘ၀ကတော့ ပွဲစီစဉ်တဲ့သူတွေ၊ ကုမ္ပဏီတွေရဲ့သတင်းအချက်အလက်တွေကို ပရိသတ်ဆီပေးရတာကအဓိကအလုပ်ပါပဲ။ ကုမ္ပဏီနှစ်ပတ်လည်တွေ၊ ဖွင့်ပွဲတွေဆိုရင်လဲ ၀ယ်သူတွေဆီကိုရောက်အောင်ပို့ပေးရတာဆိုတော့ သတင်းအချက်အလက်တွေကို ကူပြီးဖြန့်ပေးရတဲ့သဘောပါပဲ။ ပွဲကိုလည်းထိန်းပေးရင်း သူတို့ပေးချင်တဲ့သတင်းအချက်လတ်တွေရောက်အောင် ပို့ပေးရတာဆိုတော့ပွဲတစ်ပွဲကို Handle လုပ်ရတာမှာ ဂုဏ်ရည်အနေနဲ့အမြဲတမ်း အပြစ်မကင်းသလိုခံစားရတယ်။   အပြစ်မကင်းဘူးဆိုတာ ကိုယ်မိတ်ဆက်ပေးလိုက်တဲ့ထုတ်ကုန်က မအောင်မြင်ဘူးဆိုရင် ဂုဏ်ရည်ဘယ်လိုမှမနေတက်တော့ဘူး။ အလိုလိုနေရင်းအားနာလာတာ၊ ပိုက်ဆံတောင်မယူချင်တော့ဘူး။ ဂုဏ်ရည်တာဝန်ယူထားပေးတဲ့ပွဲတစ်ပွဲက ရည်မှန်းချက်မထိဘူးဆိုရင် ကုမ္ပဏီကဘယ်လိုစိတ်ညစ်လဲ၊ အရောင်းဝန်ထမ်းတွေဘယ်လိုနေလဲတော့မသိဘူး ကိုယ်တိုင်ကတော့လုံးဝအပြစ်မကင်းသလိုခံစားရတယ်။ အဲ့လိုဆိုရင် ဂုဏ်ရည်ရဲ့ Facebook  ကနေရော သိသမျှ Media တွေကနေရော ကြော်ညာခိုင်းလိုက်တယ်။ အစီစဉ်တင်ဆက်သူလုပ်ရတာလွယ်တော့မလွယ်ပါဘူး” လို့ဂုဏ်ရည်အေးကျော်ကဖြေကြားခဲ့ပါတယ်။   နောက်ပိုင်းကာလတွေမှာ အစီစဉ်တင်ဆက်သူအဖြစ်…

read more

အခမ်းအနားမှုးလား၊ အလှမယ်လား ဂုဏ်ရည်အေးကျော်

750 400 root

လူတစ်ဦးတစ်ယောက်တိုင်းဟာဘဝရပ်တည်မှုတစ်ခုအတွက်မိမိဝါသနာပါရာအလုပ်ကိုကြိုးစားရင်း ဘဝလမ်းကြောင်းကိုလျှောက်လှမ်းနေကြတာကတော့သဘာဝပါ။ ဒီထဲကမှ အလှမယ်ဂုဏ်ရည်အေးကျော် ဟာ ၂၀၁၃ခုနှစ်မှာမြန်မာနိုင်ငံကိုယ်စားပြု Miss Myanmar အဖြစ်အရွေးချယ်ခံရပြီးဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Myanmar International ပွဲကိုမြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး သူမဝါသနာပါရာ အခမ်အနားမှုး ဘဝကိုလုပ်ကိုင်လျှက်ရှိတာကိုတွေ့ရပါတယ်။ သူမနဲ့ခဏတာတွေ့ဆုံခိုက် လက်ရှိလုပ်ကိုင်နေတဲ့ အခမ်းအနားမှုး(MC)အလုပ် အပေါ်ထားတဲ့သူမရဲ့ ခံယူချက် မြန်မာပြည်မှာအခမ်းအနားမှုးဆိုရင်တီချယ်တင်မိုးလွင်ကိုပြေးမြင်ကြသလိုမျိုးပေါ့။ နောင်တစ်ချိန် နောင်သုံးလေးငါးနှစ် အတွင်းမှာ အခမ်းအနားမှုးဆိုရင် ဂုဏ်ရည်အေးကျော်ကိုပဲပြေးမြင်တဲ့အထိအခြေအနေ အထိ ဂုဏ်ရည်ရောက်ချင်တယ်။ အခုပွဲတွေလုပ်ပြီဆိုရင်လည်း ဂုဏ်ရည်က တော်တော်ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ပေးဖြစ်တယ်။ စရိတ်စကကို အတိအကျမပြောထားဘူး။ ဘာလို့လဲဆိုတော့သူတို့ဘက်က ဒီလောက်ပဲ လုပ်နိုင်မယ်။ ဒီလောက်ပဲ တတ်နိုင်တယ်ဆိုရင် ဂုဏ်ရည် လုပ်ပေးနိုင်မလားပေါ့။ ဂုဏ်ရည်အနေအထားနဲ့ တချို့ဆို ဂုဏ်ရည့်လောက် ပွဲအတွေ့အကြုံမရှိသေးတဲ့ သူတွေတောင် မသွားတဲ့၊ မလုပ်ပေးတဲ့ ပွဲတွေတောင် ဂုဏ်ရည်ကသေချာညှိနှိုင်းတယ်။ ဂုဏ်ရည်ကို သေချာပြောပြရင်…

read more